Dai-ichi Life Insurance Myanmar ၏ အကြောင်း
Dai-ichi Life Insurance Myanmar သည် ဂျပန်နိုင်ငံရှိ ထိပ်တန်း အသက်အာမခံကုမ္ပဏီဖြစ်သည့် Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။ Dai-ichi Life Group သည် နှစ်ပေါင်း (၁၂၂) ကျော်ကြာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံမှကာစတမ်မာများနှင့်သူတို့၏မိသားစုဝင်များကိုအသက်အာမခံဝန်ဆောင်မှုများနှင့်အနာဂတ်အတွက်အာမခံချက်ရှိသည့်ငွေကြေးဆိုင်ရာအကာအကွယ်ရရှိစေသည့်ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
၂၀၁၉ ခုနှစ်တွင် Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက်လည်း ကမ္ဘာ့အဆင့်မှီ အသက်အာမခံဝန်ဆောင်မှုအား ပေးဆောင်နိုင်ရန် တရားဝင်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။ “Customer First” ဟူသည့် ခံယူချက်အတိုင်း မြန်မာနိုင်ငံရှိ ကျွန်တော်တို့၏ အသက်အာမခံလုပ်ငန်းကိုလည်း ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်မီ ဝန်ထမ်းများနှင့်အတူ Dai-ichi Life ၏ နှစ်ပေါင်း (၁၂၂) အတွေ့အကြုံရှိသည့် ဝန်ဆောင်မှုများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျန်းမာပျော်ရွှင် စိတ်အေးချမ်းရခြင်းတို့ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်တော်တို့၏ ခံယူချက်
“ထာဝရသင်နှင့်အတူ”
Dai-ichi Life Group ကို စတင် တည်ထောင်သည့် (၁၉၀၂) ခုနှစ်မှစပြီး “Customer First” ဟူသည့် ခံယူချက်အတိုင်း ကာစတမ်မာများကို အစဥ် ဦးစားပေးအလေးထားလျက်ရှိပါသည်။ အဆိုပါခံယူချက်မှ တစ်ဆင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အသက်အာမခံနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများပေးခြင်းဖြင့် စိတ်ချမ်းသာမှုရရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါသည်။
Dai-ichi Life Insurance Myanmar သည်လည်း Dai-ichi Life Group ၏ ခံယူချက်အတိုင်း ကျွန်တော်တို့၏ ကာစတမ်မာများနှင့် သူတို့ချစ်ခင်ရသူတွေ၏အနာဂတ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ထာဝရဘေးမှာရပ်တည်ပေးသွားမှာဖြစ်ပါသည်။

We Care
ကျွန်တော်တို့ဒိုင်အိချိတည်ရှိရာနေရာများတွင် ကျွန်တော်တို့ကို ယုံကြည်အားကိုးနေသောကာစတမ်မာများ၊ မိတ်ဖက်ပါတနာကြီးများ၊ ဝန်ထမ်းများနှင့် လူမှုပတ်ဝန်းကျင်ကို အမြဲအလေးထားဂရုစိုက်ပါသည်။
We Do What's Right
ဒိုင်အိချိအနေဖြင့် ကာစတမ်မာများနှင့် လူမှုပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်သောဘဝနေထိုင်မှုပုံစံရရှိရန်အမြဲကြိုးပမ်းလျက်ရှိပြီး ကျွန်တော်တို့၏ တာဝန်ဝတ္တရားအဖြစ် အပြည့်အဝခံယူထားပါသည်။

We Innovate
ကျွန်တော်တို့ဒိုင်အိချိ၏နိုင်ငံတကာအတွေ့အကြုံများဖြင့် ကာစတမ်မာများအတွက် ဘဝနေထိုင်မှုပုံစံအသစ်များဖော်ဆောင်ပေးနိုင်ရန် ဆန်းသစ်သောနည်းလမ်းများကိုစဥ်ဆက်မပြတ်ဖန်တီးလျက်ရှိပါသည်။

We Innovate
ကျွန်တော်တို့ဒိုင်အိချိ၏နိုင်ငံတကာအတွေ့အကြုံများဖြင့် ကာစတမ်မာများအတွက် ဘဝနေထိုင်မှုပုံစံအသစ်များဖော်ဆောင်ပေးနိုင်ရန် ဆန်းသစ်သောနည်းလမ်းများကိုစဥ်ဆက်မပြတ်ဖန်တီးလျက်ရှိပါသည်။
ကျွန်တော်တို့၏ ကတိစကား
“People First”
“People First” ဟူသည့် ခံယူချက်ကို ဦးစားပေးအလေးထားသော အသက်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အားအထားရဆုံး အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်လာရန် မျှော်မှန်းပါသည်။