Dai-ichi Life Insurance Myanmar ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရန် သင်အဆင်သင့်ဖြစ်နေပြီလား။

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar တွင် “People First” ဟူသော ခံယူချက်ကို ဦးစားပေးအလေးထားလျက်ရှိပါသည်။ အကယ်၍ သင့်အနေနှင့် ကျွန်တော်တို့နှင့် ခံယူချက်ခြင်းထပ်တူကျသည်ဆိုပါက ယနေ့ပဲ Dai-ichi Life Insurance Myanmar ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ဖိတ်ခေါ်ပါရစေ။

ကျွန်တော်တို့၏ Financial Planner တစ်ယောက်အဖြစ် ဘာကြောင့်လုပ်ကိုင်သင့်ပါသလဲ။
Financial Planner တစ်ယောက်အဖြစ် ကျွန်တော်တို့နှင့်အတူလက်တွဲလုပ်ကိုင်ခြင်းဖြင့်မိသားစုများ၏ ဘဝကို လုံခြုံစေနိုင်သည့်အပြင် သင့်အတွက်လည်း အကျိုးရှိစေမည့် ကောင်းမွန်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခု ရရှိမည်ဖြစ်ပါသည်။ ကြိုးစားအားထုတ်မှုတွေနှင့်အတူ အနာဂတ်တွင်လည်း Business Partner တစ်ယောက်အဖြစ်လုပ်ကိုင်ပြီး Financial Planners အဖွဲ့ကို ဦးဆောင်ရခြင်းစသည့် အခွင့်အလမ်းများလည်း ရရှိနိုင်ပါသည်။
Dai-ichi Life Insurance Myanmar ၏ Financial Planner တစ်ယောက်ဖြစ်လာဖို့
ကျွန်တော်တို့နှင့်အတူ လက်တွဲပြီး ခိုင်မာသည့် ဝင်ငွေအခွင့်အလမ်းများရရှိနိုင်မည့် Financial Planner တစ်ယောက်ဖြစ်လာဖို့ လိုအပ်သည့် အချက်အလက်၊ ကြိုတင်ပြင်ဆင်မှုများနှင့် ကာစတန်မာများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လေ့လာသင်ကြားရမည့် နည်းစနစ်တွေကို အောက်မှာဖော်ပြပေးထားပါသည်။


Dai-ichi Life Insurance Myanmar ၏ Financial Planner တစ်ယောက်ဖြစ်လာဖို့
ကျွန်တော်တို့နှင့်အတူ လက်တွဲပြီး ခိုင်မာသည့် ဝင်ငွေအခွင့်အလမ်းများရရှိနိုင်မည့် Financial Planner တစ်ယောက်ဖြစ်လာဖို့ လိုအပ်သည့် အချက်အလက်၊ ကြိုတင်ပြင်ဆင်မှုများနှင့် ကာစတန်မာများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လေ့လာသင်ကြားရမည့် နည်းစနစ်တွေကို ဖော်ပြပေးထားပါသည်။
Step 1

ကျွန်တော်တို့၏ ဖော်ရွေသော အေဂျင်စီ Recruitment team နှင့် ဆက်သွယ်ပါ။
Step 2

အေဂျင်စီ Recruitment team မှ Financial Regulatory Department (FRD) စည်းမျဥ်းအရ လိုအပ်သည့် လိုင်စင်ရရှိနိုင်မည့် လုပ်ထုံးလုပ်နည်းကို သင့်ကို အသိပေးမည်ဖြစ်ပါသည်။
Step 3

သင့်အနေနှင့် လိုင်စင်စာမေးပွဲအောင်မြင်ပြီဆိုလျှင် Dai-ichi Life Insurance Myanmar ၏ Financial Planner တစ်ယောက်ဖြစ်လာပြီး လုပ်ငန်းသဘောတူညီမှုစာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။
Step 4

Dai-ichi Life Insurance Myanmar အနေနှင့် အေးဂျင့်တစ်ယောက်၏ လိုအပ်သောလေ့ကျင့်သင်ကြားမှုနှင့် လက်တွေ့ သင်တန်းများကို ပို့ချပေးမှာဖြစ်ပြီး အကောင်းဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

Financial Planner တစ်ယောက် ဖြစ်လာရန်
ကျွန်တော်တို့၏ Dai-ichi Life Training Center (DLTC) ကို ယခုအချိန်တွင် စာရင်းသွင်းဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားချင်ပါသည်။ ကျွန်တော်တို့၏ အေးဂျင့်လိုင်စင်သင်တန်းများကို Life Insurance Syllabus နှင့်အညီ ထုတ်ထားပြီး သင်တန်းသားများအနေဖြင့်လည်း အတွေ့အကြုံရှိပြီး တက်ကြွသော သင်တန်းဆရာများနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်စေမည့် လက်တွေ့သင်တန်းများ ပို့ချပေးထားပါသည် ။
ပိုမိုတိုးတက်စေရန်အတွက် ကျွန်တော်တို့၏ DLTC အေးဂျင့်လိုင်စင်သင်တန်း ပြီးဆုံးသွားသူများအတွက် ကျွန်တော်တို့၏ အသက်အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှုလုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းများကိုလည်း ဆက်လက်ပို့ချပေးသွားမည်ဖြစ်ပါသည် ။