"Insurance Initiative of the Year - Myanmar"
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ 2024 ခုနှစ်အတွက် Insurance Asia Awards ချီးမြှင့်အပ်နှင်းသောအဖွဲ့အစည်းကြီးမှ အယ်ဒီတာများ၏ ရွေးချယ်ခြင်းအရ “Insurance Initiative of the Year- Myanmar “ ဆုကိုရရှိခဲ့ပြီး Dai-ichi Life Cambodia မှလည်း “International Life Insurer of the Year – Cambodia” ဆုကိုရရှိခဲ့ပါကြောင်းဂုဏ်ယူဝမ်းမြောက်စွာကြေညာရင်း ဇူလိုင်လ(၉)ရက်နေ့ စင်ကာပူနိုင်ငံတွင် ကျွန်တော်တို့ Dai-ichi Life မြန်မာနှင့် ကမ္ဘောဒီးယားမှ ဆုအတူလက်ခံရရှိခဲ့သည့်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါသည်။
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝများကိုဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ရှိပြီး ကျွန်တော်တို့၏စံသတ်မှတ်ချက်ဖြစ်သည့် “We Care, We Do What’s Right, We Innovate” ဆိုသည့်အတိုင်း လူမှုအဖွဲ့အစည်းအတွက်လည်း ပိုမိုသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်စေရန် အစဥ်အမြဲလက်တွဲပြီး ဂရုစိုက်ပံ့ပိုးပေးလျက်ရှိပါသည်။
ယခုဆုကိုရရှိခြင်းသည် ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ တစ်ဦးတစ်ယောက်စီတိုင်း၏ကြိုးစားအားထုတ်မှုရလဒ်များဖြစ်ပြီး ထိုမှတစ်ဆင့်ကောင်းမွန်သောအာမခံဝန်ဆောင်မှုများကို မြန်မာနိုင်ငံအနှံ့ပေးစွမ်းနိုင်ခဲ့ရုံသာမက တိုးတက်ခိုင်မာတဲ့ အေဂျင်စီကိုတည်ဆောက်နိုင်ခဲ့ခြင်း၊ အကြီးမားဆုံး Bancassurance အာမခံဝန်ဆောင်မှု network ကိုလည်း တည်ဆောက်နိုင်ခဲ့ခြင်းတို့အပြင် အာမခံဝန်ဆောင်မှုများကိုအကောင်းဆုံးပေးစွမ်းရန် ဆန်းသစ်သောနည်းပညာများဖြင့် POS အပ်ပလီကေးရှင်းကိုလည်းအသုံးပြုပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့သော ကြိုးစားအားထုတ်မှုများကြောင့်ဖြစ်ပါသည်။ ရှေ့ဆက်ပြီးတော့လည်း ယခုထက်သာလွန်ကောင်းမွန်သောဝန်ဆောင်မှုများကို ကျွန်တော်တို့ ၏ Financial Planner များ၊ ဘဏ်မိတ်ဖက်ပါတနာများမှတစ်ဆင့် ပေးစွမ်းနိုင်ရန်လည်း စဥ်ဆက်မပြတ်ဆက်လက်ကြိုးစားသွားပါမည်။