Dai-ichi Life

120 Years Anniversary Tree-Planting Activities

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၁၅)ရက်နေ့

Dai-ichi Life Group ၏ နှစ်ပေါင်း (၁၂၀) ပြည့် အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေမည့် သီးပင်စားပင် (၁၂၀) ပင် ကို မှော်ဘီမြို့နယ် ရှိ Myanmar Agape Orphanage တွင် ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ Business Partnerများ၊ Financial Planner များ၊ ဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးတို့နှင့် အတူ Myanmar Agape Orphanage မှ ကလေးငယ်များက ပါ အတူတကွပူးပေါင်းပါဝင်ပြီး စိုက်ပျိုးဆင်နွှဲခဲ့ကြပါသည်။

 

ကျွန်တော်တို့ Dai-ichi Life Group အနေဖြင့် “ People First” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျွန်တော်တို့ ရောက်ရှိနေတဲ့နေရာဒေသရဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် အစဥ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခု (၁၂၀) ပြည့်နှစ် မှ စ၍ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည့် အစီအစဥ်များ၊ အသိပညာပြန့်ပွားရေးဆောင်ရွက်မှုများ ဖြင့် ကျွန်တော်တို့ရဲ့အနာဂတ်တွေကို ဂရုစိုက်စောင့်ရှောက်မှုများ ဆက်လက် လုပ်ဆောင်သွားကြအုံးမှာပဲ ဖြစ်ပါသည်။

Share this on