"Above and Beyond 2023" Event
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ(၁၄) ရက်နေ့
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် Financial Planner နှင့် Business Partner များအတွက် နှစ်သစ်မှာ ခွန်အားအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ “Above and Beyond 2023” အခမ်းအနားကို Sule Shangri-la Hotel ၌ ကျင်းပခဲ့ပါသည်။
ထိုပွဲတွင် Star Achievers Club member များမှ ဦးဆောင်၍ မနှစ်က သူတို့တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေကို ဝေမျှပေးခဲ့ကြပါသည်။ ဒ့ါအပြင် ဒီနှစ်အတွင်း လုပ်ဆောင်ရမည့် ရည်မှန်းချက်များကိုလည်း ဂျပန်ရိုးရာအလေ့အထတစ်ခုဖြစ်တဲ့ Kakizome – The First Writing of A Year ဟုခေါ်သည့် နှစ်သစ်အတွက် ဆောင်ရွက်မည့် ရည်မှန်းချက်များကို မှင်စုတ်တံဖြင့် ရေးသားခြင်း ဖြင့် ချမှတ်ခဲ့ပါသည်။