Wellness by Dai-ichi Life Fitness Event
March 13, 2022
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ Financial Planner များ၊ Partner များနှင့် မိသားစုဝင်များရဲ့ ကျန်းမာရေးကို အလေးထားဂရုစိုက်သောအားဖြင့် WELLNESS BY DAI-ICHI LIFE ဆိုသည့် ၃လတာကြာမြင့်မည့် Agency Wellness Program ကို မိတ်ဆက်ခဲ့ပြီး မတ်လ ၁၃ ရက်၊ ၂၀၂၂ခုနှစ်တွင် ပထမဆုံး Fitness Event အား COVID-19 ရဲ့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပါသည်။
ဒါ့အပြင် WELLNESS BY DAI-ICHI LIFE program ပြီးဆုံးသော အထိမ်းအမှတ်အနေနဲ့ ဇွန်လ ၁၉ရက်၊ ၂၀၂၂ခုနှစ်တွင် Novotel Hotel ၌ “Wellness Meet & total CARE” event ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ဒီအထိမ်းအမှတ်ပွဲတွင် Business Partner များ၊ Financial Planner များနှင့်အတူ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး Zumba၊ Cardio နှင့် Yoga စတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို အတူတူ ဆင်နွှဲခဲ့ကြပါသည်။
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar အနေနဲ့ “People First” ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခုကို လက်ကိုင်ထားပြီး ဝန်ထမ်းများ၊ Business Partner များနဲ့ မိသားစုဝင်တွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာစေရန် နဲ့ ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး မြန်မာပြည်သူပြည်သားများအားလုံး အနာဂတ်တွင် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် အစဥ် ဦးတည်ကာ ဆောင်ရွက်လျက်ရှိပါသည်။