Building the Future For Women in Life Insurance
၂၀၂၃ ခုနှစ်၊ မတ်လ(၈) ရက်နေ့
၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် BPW (Business Professional Women Myanmar Federation) ၊ MYANWEN (Myanmar Women Entrepreneurs Network)၊ MBE (Myanmar Business Executives Association) နှင့် Chatrium Hotel Royal Lake Yangon တို့ ပူးပေါင်း၍ “On Her Journey” Discussion and Dialogue အစီအစဥ်ကို Chatrium Hotel Royal Lake Yangon ၌ ကျင်းပခဲ့ပါသည်။
ဤအစီအစဥ်သည် အရွယ်အစားမခွဲခြားဘဲ စီးပွားရေးလုပ်ငန်းအားလုံး၊ ကျားမ မခွဲခြားဘဲ လူသားအားလုံးအတွက် ဘက်စုံအတွေ့အကြုံကို ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပြီး ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှလည်း “ Building the Future for Women in Life Insurance – အသက်အာမခံနယ်ပယ်တွင် အမျိုးသမီးများ၏အနာဂတ်ကို မြှင့်တင်ခြင်း” ခေါင်းစဥ်ဖြင့် ဝင်ရောက်ဆွေးနွေးကာ ကူညီပံ့ပိုးပေးခဲ့ပါသည်။
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar ၏ “People First” ဆောင်ပုဒ်နဲ့အညီ လူမှုအဖွဲ့အစည်းရဲ့အနာဂတ်တွေအတွက်ပါ အကျိုးပြုလုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သော အသက်အာမခံဝန်ဆောင်မှုများနှင့်အတူ total CARE ဝန်ဆောင်မှုဖြင့် အပြည့်အဝကာကွယ်ဂရုစိုက်ပေးသွားမှာပဲဖြစ်ပါသည်။