Dai-ichi Life

Eco Action Relay: "Connect and Motivate Each Other" Campaign

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar ရဲ့  ၂၀၂၂ ခုနှစ်အတွက် Eco Action Relay အစီအစဥ်အနေနဲ့ “ Connect and Motivate Each Other” ဆိုတဲ့ Campaign ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်ပြီးစီးနိုင်ခဲ့ပါသည်။ ဒီ Campaign ကနေတစ်ဆင့် ရုံးတွင်းမှာသာမက ကိုယ့်ပတ်ဝန်းကျင်အတွင်းမှာပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ဆောင်နိုင်စေခဲ့တဲ့အပြင် Dai-ichi Life Insurance Myanmar ရဲ့ ဝန်ထမ်းများအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ် ပိုမိုခိုင်မာလာစေခဲ့ပြီး ဌာနအချင်းချင်း အဖွဲ့လိုက်ချိတ်ဆက်လုပ်ဆောင်မှုများ ပိုမိုတိုးတက်လာစေခဲ့ပါသည်။ ထို့အပြင် Campaign ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Connect and Motivate Each Other – အချင်းချင်းပူးပေါင်းချိတ်ဆက်ပြီး စိတ်ခွန်အားပေးခြင်းကိုလည်း စိတ်ဝင်စားဖွယ်ကောင်းသော တီထွင်ကြံဆမှုများဖြင့် လုပ်‌ဆောင်ခဲ့ကြပါသည်။ ​ဒီ Campaign တွင်​

(၁) ပလတ်စတစ်နှင့် စက္ကူအသုံးပြုမှုလျှော့ချခြင်း၊ ​

(၂) ရေနှင့် လျှပ်စစ် ချွေတာအသုံးပြုခြင်း နှင့် ​

(၃) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများ ဝေမျှခြင်း အစရှိသည်တို့ကို အဓိကထားစုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

Share this on