Dai-ichi Life

Entrepreneurs of Tomorrow (Business Opportunity Seminar)

June 11, 2022

Dai-ichi Life Insurance Myanmar မှ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်သည့် “Entrepreneurs of Tomorrow” စီးပွားရေးဆိုင်ရာ အခွင့်အလမ်းဆွေးနွေးပွဲကို ဇွန်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်တွင် Novotel Hotel ၏ Pathein Ballroom တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

 

ထိုဆွေးနွေးပွဲတွင် Dai-ichi Life Insurance Myanmar နှင့်အတူ အသက်အာမခံလုပ်ငန်းကို စတင်လုပ်ကိုင်လိုသူများအတွက် အလားအလာကောင်းသော မြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအကြောင်း ၊ စိန်ခေါ်မှုများ နှင့် စီးပွားရေးအခွင့်အလမ်းများအကြောင်းကို ဆွေးနွေးသွားခဲ့ပါသည်။ ဒါ့အပြင် အသက်အာမခံလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုများရရှိထားသော ကျွန်တော်တို့ရဲ့ စီးပွားရေးမိတ်ဖက်များမှလည်း အသက်အာမခံ၏အရေးပါမှုများ၊ Customer များ၏ အနာဂတ်အတွက် စိတ်အေးချမ်းလုံခြုံမှုကို ရရှိစေရန် ဝန်ဆောင်မှုပေးရခြင်းကြောင့် အသက်အာမခံလုပ်ငန်းသည် မွန်မြတ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း နှင့် ကြိုးစားပြီး အောင်မြင်မှုကိုရယူခဲ့ပုံများ လုပ်ငန်းအတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။

 

ကျွန်တော်တို့ Dai-ichi Life Insurance Myanmar အနေနဲ့ “People First” ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခုကို လက်ကိုင်ထားကာ မြန်မာပြည်သူပြည်သားများ၏ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး အသက်အာမခံဝန်ဆောင်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများကို အကောင်းဆုံးပံ့ပိုးပေးလျက်ရှိပါသည်။

Share this on