“ဒိုင်အိချိနဲ့အမြဲအတူ ဆုတွေယူ” Lucky Draw Campaign
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ “ဒိုင်အိချိနဲ့အမြဲအတူ ဆုတွေယူ” ဆိုတဲ့ ကံစမ်းမဲအစီအစဥ်ကို customer များထံသို့ ယူဆောင်လာပါပြီ။ ထိုအစီအစဥ်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အတွင်း ကျွန်တော်တို့ Dai-ichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှုများကို ရယူထားပြီး အာမခံပရီမီယံ ငွေပေးချေမှုပုံစံ (၁)နှစ် (သို့မဟုတ်) (၆)လတစ်ကြိမ်ပေးချေမှု ဖြင့် ပထမဆုံးပေးချေမှု (initial premium) ၅ သိန်း ပြည့်သူတိုင်းပါဝင်နိုင်မှာဖြစ်ပြီး ကံထူးသူများအနေနဲ့ ဂျပန်၊ ဘာလီ နှင့် ဘန်ကောက်ခရီးစဥ်များ ၊ Samsung S series/iPhone ဖုန်းများ၊ Samsung Tablet ၊ iPad၊ Apple watch၊ Samsung Galaxy Watch များအပြင် အခြားသော gift set များစွာကို ကံထူးနိုင်မှာပဲဖြစ်ပါတယ်။
အစီအစဥ်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဒီလင့်ခ် မှတစ်ဆင့် https://bit.ly/3ukT2hq စာရင်းပေးသွင်းနိုင်သလို ကျွန်တော်တို့ရဲ့ Customer Service Hotline နံပါတ် +၉၅ ၉၇ ၇၈၈၀ ၇၀၀၀ သို့မဟုတ် chat box မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
စည်းမျဥ်းစည်းကမ်းများ
- ယခု Lucky Draw Program အစီအစဥ် သည် Dai-ichi Life Insurance Myanmar မှ စီစဥ်ကျင်းပပြီး အစီအစဥ်ကာလမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁) ရက် မှ ဒီဇင်ဘာလ (၃၁) ရက် ထိ ဖြစ်ပါသည်။
- ယခုအစီအစဥ်ကို ပါဝင်သူများသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁) ရက် မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်( နောက်ဆုံးပေါ်လစီ issue လ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ရက်) အတွင်း Dai-ichi Life Insurance Myanmar ၏ အသက်အာမခံတစ်ခုခုကို ( Dai-ichi Life Pro, Dai-ichi Health CARE, Dai-ichi Active Care, Htar-Wa-Ra Edu Goal, Dai-ichi Credit Life) ဝယ်ယူထားရမည်။
- ပေါ်လစီတစ်စောင်လျှင် အာမခံပရီမီယံငွေပေးချေမှုပုံစံ (၁)နှစ် (သို့မဟုတ်) (၆)လတစ်ကြိမ်ပေးချေမှု ဖြင့် ပထမဆုံးပေးချေမှု( initial premium) ၅ သိန်း ပြည့်မှု တိုင်းအတွက် ကံစမ်းမဲလက်မှတ် (၁)စောင်ရရှိမည်။
- အစီအစဥ်တွင်ပါဝင်သူသည် ပထမသုံးလပတ်၏ကံထူးရှင်ဖြစ်ပြီးသော်လည်း နောက်သုံးလပတ်များ၏ကံထူးရှင်ထပ်မံဖြစ်ရန်အခွင့်အရေးရှိနိုင်ပါသည်။
- ဇန်နဝါရီလ မှ မတ်လ အတွင်းပေါ်လစီဝယ်ယူပါက ကံစမ်းမဲ(၁)စောင်ကို ၄ ကြိမ်ကံစမ်းခွင့်၊ ဧပြီလ မှ ဇွန်လ အတွင်းပေါ်လစီဝယ်ယူပါက (၃)ကြိမ်ကံစမ်းခွင့်၊ ဇူလိုင်လ မှ စက်တင်ဘာလ အတွင်းပေါ်လစီဝယ်ယူပါက (၂) ကြိမ်ကံစမ်းခွင့်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလ အတွင်းပေါ်လစီဝယ်ယူပါက (၁)ကြိမ်ကံစမ်းခွင့်တို့ကို ရရှိမှာဖြစ်ပြီး ကံထူးရှင်များကို သုံးလတစ်ကြိမ် ရွေးချယ်သွားမည်ဖြစ်သည်။
- ယခုအစီအစဥ်တွင် ဝန်ထမ်းလျှော့စျေး များဖြင့် ဝယ်ယူထားသောမိတ်ဖက်ပါတနာများ၏ဝန်ထမ်းများ ၊ Dai-ichi Life ၏ အမြဲတမ်းဝန်ထမ်းများ၏ ပေါ်လစီများနှင့် သေဆုံးခြင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် လျော်ကြေးတောင်းခံပြီးသောပေါ်လစီများအကျုံးမဝင်ပါ။
- ပျက်ပြယ်သွားသောပေါ်လစီ (Lapsed Policy) (သို့မဟုတ်) ရပ်စဲလိုက်သောပေါ်လစီ (Surrendered Policy) တို့သည် ယခုအစီအစဥ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။
- သုံးလပတ်တိုင်းတွင် ကံစမ်းမဲအနိုင်ရရှိသူများ ရွေးချယ်မည့်အစီအစဥ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၊ ၂၀၂၅ ခုနှစ် မတ်လ အသီးသီးတို့တွင် ကျင်းပမည် ဖြစ်ပါသည်။
- ကံထူးရှင်များကို Dai-ichi Life Facebook Page တွင် ကြေငြာမည်ကိုနားလည်သိရှိလက်ခံပြီးဖြစ်ရပါမည်။
- Dai-ichi Life Insurance Myanmar သည် ယခုအစီအစဥ်နှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်း နှင့် ကန့်သတ်ချက်များကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ၊ ရုပ်သိမ်းနိုင်သည်ကို ကံစမ်းမဲပါဝင်သူများ အနေဖြင့် သိရှိလက်ခံထားပြီး ဖြစ်ရပါမည်။
- ယခုအစီအစဥ်နှင့်စပ်လျဥ်း၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Dai-ichi Life Insurance Myanmar ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း သိရှိလက်ခံပြီးဖြစ်ရပါမည်။
ကံစမ်းမဲကံထူးရှင် အတွက် စည်းမျဥ်းစည်းကမ်းများ
- ကံထူးရှင်သည် ဆုကို မယူပါက ငွေသားနှင့် လဲလှယ်နိုင်မည်မဟုတ်ပါ။
- ကံထူးရှင်များအားကြေငြာပြီးနောက်(၁၄)ရက်အတွင်းတွင် ကံထူးရှင်ဘက်မှ ကံစမ်းမဲပေါက်သည့်အကြောင်းသိရှိကြောင်း Dai-ichi Life Insurance Myanmar သို့ဆက်သွယ်အသိပေးရမည်။
- ဆုလက်ဆောင်လက်ခံထုတ်ယူရန်အတွက် Dai-ichi Life Insurance Myanmar မှစီစဥ်ပေးမည်ဖြစ်သည်။
- ကံထူးရှင် သည် ကံစမ်းမဲပေါက်သည့်ခရီးမသွားဖြစ်ပါက ဆုကို အခြားလူကို လွဲပြောင်းပေးနိုင်ပါသည်။ (သွားရမည့်နေရာနှင့် ခရီး အစီအစဥ်သည်ပြောင်းလဲမည်မဟုတ်ပါ။)
- ခရီးစဥ်ကံထူးရှင်သည် ရန်ကုန်မြို့ပြင်ပတွင်နေထိုင်သူဖြစ်ပါက ခရီးစဥ်အတွက် ရန်ကုန်မြို့သို့လာရောက်မည့်စရိတ်ကို ကိုယ်ကိုယ်တိုင် ကျခံရမည်ဖြစ်သည်။
- ခရီးစဥ်များအတွက် အသွားအပြန်လေယာဥ်လက်မှတ်ကိုစီစဥ်ပေးပြီး ဆုတစ်ဆုစီအတွက် နှစ်ယောက်ခန်းတစ်ခန်းစီစဥ်ပေးမည်ဖြစ်ပါသည်။
- ခရီးသွားရမည့်ကာလသည် ကံထူးရှင်ဖြစ်ကြောင်းကြေငြာပြီးသည့်နောက် (၆)လအတွင်းဖြစ်ပါသည်။
- ဗီဇာလျှောက်ထားခြင်း၊ ပတ်စ်ပို့စ်သက်တမ်းတိုးခြင်း နှင့် ခရီးသွားအာမခံထားရှိခြင်းတို့ကို ကံထူးရှင်ကိုယ်တိုင် နှင့်အဖော်လိုက်ပါသူတို့ကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်သည်။