Movember Awareness Campaign
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar မှ အမျိုးသားလုပ်ဖော်ကိုင်ဖက်များသာမက အမျိုးသမီးများကပါ နိုဝင်ဘာလရဲ့ Movember Campaign တွင် ပါဝင်ခဲ့ကြပါသည်။ Dai-ichi Life မှ အမျိုးသားလုပ်ဖော်ကိုင်ဖက်များအနေဖြင့် နိုဝင်ဘာလတစ်လလုံးတွင် နှုတ်ခမ်းမွေးထားခြင်းဖြင့်လည်းကောင်း၊ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များမှလည်း အမျိုးသားများတွင် အဖြစ်များလေ့ရှိသည့် ဆီးကျိတ်ကင်ဆာ (Prostate Cancer)၊ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာ (Testicular Cancer) နှင့် အမျိုးသားများ၏ စိတ်ကျန်းမာရေးတို့ကို ဂရုပြုသတိထားစောင့်ရှောက်ရမည့် အကြောင်းများကို မျှဝေကြခြင်းဖြင့် Movember Campaign တွင် ပါဝင်ခဲ့ကြပါသည်။
Dai-ichi Life အနေဖြင့် People First ဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူများအား စိတ်အေးချမ်းပြီး ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုကို ရရှိနိုင်စေရန် ကြိုးစားလျက်ရှိရာ ယခုကဲ့သို့ ကျန်းမာရေးအသိပညာပိုမိုမြင့်မားလာစေရန် အစီအစဥ်ကောင်းများစွာကို အလျဥ်းသင့်သလို လုပ်ဆောင်ပေးသွားမှာဖြစ်ပါသည်။