Prestige Club Award Ceremony
၂၀၂၄ ခုနစ်၊ မတ်လ (၂၃) ရက်နေ့
ကျွန်တော်တို့ Dai-ichi Life Insurance Myanmar နဲ့အတူ လက်တွဲလုပ် ကိုင်လျက်ရှိတဲ့ မိတ်ဖက်ပါတနာများ MOB ဘဏ် နှင့် ကမ္ဘောဇဘဏ်များ၏ customer များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခဲ့သော Financial Advisor များရဲ့ အောင်မြင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုတဲ့အနေနဲ့ “Prestige Club Award Ceremony” ကို ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့ တွင် Melia Hotel ၌ ကျင်းပဖြစ်ခဲ့ပါသည်။
ပွဲမှာ ကျွန်တော်တို့မိတ်ဖက်ပါတနာများရဲ့ လက်တွဲမှု အသီးအပွင့်ရလဒ်တွေဖြစ်တဲ့ MDRT Qualifier များ၊ Prestige Club Member ဝင်များအားလုံးရဲ့အောင်မြင်မှုတွေအတွက် ဆုများပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုစကားများလည်း ပြောကြားခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ အောင်မြင်မှုတွေကို ဝေမျှခဲ့ကြပါသည်။ အခုလိုမျိုးရလဒ်ကောင်းတွေရရှိလာအောင် အဓိကပံ့ပိုးကူညီပေးတဲ့ ကျွန်တော်တို့ မိတ်ဖက်ပါတနာဘဏ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
လာမယ့်နှစ်တွေမှာလည်း ကျွန်တော်တို့ Dai-ichi Life မှ ပါတနာဘဏ်များနဲ့အတူ Customer များအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ပြီး အောင်မြင်မှုတွေနဲ့ ပိုကောင်းမွန်တဲ့ Partnership များကို တည်ဆောက်သွားမှာဖြစ်ပါသည်။