Dai-ichi Life

Sridhar P Raman

Chief Distribution Officer

သင့်အနေနဲ့ distributor တစ်ယောက်အဖြစ် အသက်အာမခံလုပ်ငန်းမှာ လုပ်ကိုင်နေတယ်ဆို၊ ဒီလုပ်ငန်းကိုတိုးချဲ့ကြီးပွားနိုင်ဖို့အတွက် လုပ်ဆောင်ဖို့က‌တော့ အမြဲတမ်း ကြိုးစားဖို့နဲ့ သင်ယူဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ အကောင်းဆုံးဖြစ်ဖို့က အမှားတွေလုပ်မိပြီး ကျရှုံးသွားတာတွေကနေ သင်ခန်းစာယူပြီး မြန်မြန် တတ်မြောက်နိုင်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်ရေးရာဇဝင်

Mr.Sridhar သည် Chief Distribution Officer အဖြစ် အမျိုးမျိုးသော အရောင်းပိုင်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းဆောင်တာများအတွက် တာဝန်ယူထားခြင်းဖြစ်ပါသည်။ ဖြန့်ဖြူးရေးနယ်ပယ်တွင် သူ၏ ကြီးမားကျယ်ပြန့်သော အတွေ့အကြုံများသည် Dai-ichi Life Myanmar ၏ အဆိုပြုချက်များကို စျေးကွက်ချဲ့ထွင်နိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော မိတ်ဖက်များ တည်ဆောက်ရန်အတွက် ပရော်ဖက်ရှင်နယ် ဖြန့်ဖြူးရေးကွန်ရက်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါသည်

နှစ်ပေါင်း ၃၀ ကြာ အသက်အာမခံဝန်ဆောင်မှုပေးခဲ့သည့် အတွေ့အကြုံရှိသော Mr. Sridhar သည် အာရှတစ်ဝှမ်းရှိ အကြီးတန်းစီမံခန့်ခွဲမှုရာထူးများ၌ အေဂျင်စီနှင့် Bancassurance မိတ်ဖက်ပူးပေါင်းမှုများတွင် အမျိုးမျိုးသော အရောင်းပိုင်းဆိုင်ရာလမ်းကြောင်းများ အောင်မြင်စွာ တည်ထောင်လုပ်ကိုင်နိုင်ခဲ့သည့် ထူးချွန်သော သက်သေပြမှတ်တမ်းများရှိပါသည်။ သူ၏ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်ခဲ့သော နိုင်ငံများတွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ ပါဝင်ပါသည်။ Mr.Sridhar သည် စင်္ကာပူနိုင်ငံရှိ DBS ဘဏ်တွင်လည်း bancassurance ၏ ရှေ့ဆောင်အဖြစ် သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါသည်။

Mr.Sridhar သည် Singapore College of Insurance AII Affiliate of AII Fellow of the Life Office Management Association (LOMA)တို့မှ အသက်အာမခံပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ်များ နှင့် UK ရှိ Institute of Personnel & Development မှ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ ရရှိထားသူတစ်ဦးဖြစ်ပါသည်။